With the global pandemic Covid-19 and its consequences, we all have got to deal with so many social situations, we have to isolate ourselves, we have to obey the rules of social distancing and regional lockdown.
Even though the world does not operate fully as it used to during the pandemic, we are unintentionally hurting our planet. Bangkok, City of Thailand has committed to banning plastic waste from the start of 2020, but the city’s single used plastic waste has arisen 50% percent more than before.
This problem is seen more apparent in the restaurants and food retailers, and online shopping systems, with home delivery services. Many households are also storing a large number of grocery products that are packed in single-use plastic bags.
It is hard to maintain a proper way to manage the misuse of plastics under this pandemic situation. But there are certain types of things we can do to reduce our daily single-use plastic waste. Instead of ordering food from outside, we should bring our own lunch box or Tupper ware to the restaurants, or we should encourage ourselves to cook by ourselves.
An enormous amount of surgical masks, surgical gloves, hand sanitizer bottles which are made of plastics, were apparent more than average and usual. Masks waste and glove waste have appeared more in the landfill, the waster streams, and in the ocean. We can use reusable clothes masks, gloves to reduce the use of surgical masks. We can purchase large bottles of hand sanitizer instead of small ones, and we can also refill them from the large one into small ones as a portable hand sanitizer.
This can be hard, but let’s fight it together.
Stay healthy, wash your hands, and get your vitamins, and last but not least: don’t forget to practice the policy of “Reduce, Reuse, and Recycle”.
Burmese Version xxxxxxxxxxxxxxxxxxxxxxxxxxxx
Coronavirus ကမ္ဘာ့ကပ်ရောဂါနှင့် စွန့်ပစ်ပလတ်စတစ်
ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါ Covid-19 နဲ့ ၎င်းရဲ့အကျိုးဆက်များအရ ကျွန်တော်တို့အားလုံး လူအများနဲ့ ခက်ခွာခွာနေခဲ့ရပါတယ်။ ဒေသအတွင်း ကန့်သတ်နေထိုင်ရန် ထုတ်ထားသော စည်းမျဉ်းများကို လိုက်နာခဲ့ရပါတယ်။ ကမ္ဘာကြီးဟာ အရင်လို လုပ်ငန်းများ ပုံမှန်မလည်ပတ်သေးသော်လည်း ကျွန်တော်တို့က မထင်မှတ်ဘဲ ဒီ ကမ္ဘာမြေကို များစွာ ထိခိုက်နေပါတယ်။
ထိုင်းနိုင်ငံ က ဘန်ကောက်မြို့မှာ ဆိုရင် ၂၀၂၀ ခုနှစ်အစမှာ တစ်ခါသုံးပလတ်စတစ်အသုံးပြုမှုကို ကန့်ကွက်မယ်လို့ စည်းမျဉ်း ထုတ်ထားသော်လည်း Covid-19 ကမ္ဘာကပ်ရောဂါရဲ့ အကျိုးသက်ရောက်မှုကြောင့် ပလတ်စတစ် အသုံးပြုနှုန်း ၅၀ရာခိုင်နှုန်း အထိ ပိုမို မြင့်တက်သွားပါတယ်။
စားသောက်ဆိုင်တွေ ၊ online shopping တွေရဲ့ အိမ်အရောက်ပို့စနစ်တွေကြောင့် ပလတ်စတစ်သုံးစွဲမှု အများအပြားတိုးတက်လာတာကို တွေ့ရပါတယ် ။ အိမ်ထောင်စုတော်တော်များများကလည်း အစားအစာ ပြတ်လပ်မှာ စိုးရိမ်တာကြောင့် ပလတ်စတစ်တွေနဲ့ ထုတ်ပိုးထားတဲ့ တာရှည်ခံ၊ အသင့်စား စားသောက်ကုန်တွေကို ပိုမို ဝယ်ယူသိုလှောင်လာကြတဲ့အတွက် နောက်ဆက်တွဲအဖြစ် တစ်ခါသုံးပလတ်စတစ် အမှိုက်တွေလည်း ပိုမိုများပြားလာတော့တယ်။
ဒီလို အခြေအနေတွေကြားမှာ စွန့်ပစ်ပစ္စည်းတွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲဖို့တော့ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း ကျွန်တောတို့ဘက်က တတ်နိုင်သမျှ တစ်ခါသုံးပလတ်စတစ်တွေကို လျှော့ချရပါမယ်။ အစားအသောက်တွေကို အပြင်မှ မှာစားမဲ့အစား ကိုယ်ကိုယ်တိုင် အိမ်ရှိ ထမင်းချိုင့်၊ ဟင်းချိုင့် သယ်ဆောင်ပြီးဝယ်ယူ သင့်ပါတယ်။ ဒါမဟုတ် ကိုယ်တိုင် အိမ်မှာ ချက်စားဖို့ အားပေးလိုပါတယ်။
ပလတ်စတစ်တွေနဲ့ ထုတ်လုပ်ထားတဲ့ Surgical Masks များ၊ လက်အိတ်များနဲ့ ရေမလိုလက်သန့်ဆေးဘူးများအားလုံးလည်း ဒီCovid-19ကာလမှာ အရင်ကထက်ပိုမိုများပြားလာတာ တွေ့ရပါတယ်။ အမှိုက်ပုံများ၊ မြစ်၊ ချောင်း၊ ပင်လယ်တွေမှာလည်း သုံးပြီးသား တစ်ခါသုံး Masks များ၊ တစ်ခါသုံး လက်အိတ်တွေကိုလည်း အရင်ကထက် ပိုမိုများပြားစွာ တွေ့ရပါတယ်။
၎င်း အမှိုက်များကို လျော့ချဖို့အတွက် အကြိမ်ကြိမ်လျော်ပြီး အသုံးပြုလို့ရတယ့် ချည်သား၊ အဝတ်စ စတာတွေနဲ့ ပြုလုပ်ထားတဲ့ Masks ၊ လက်အိတ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ရေမလိုလက်သန့်ဆေးတွေလည်း ဘူးအသေးလေးတွေ ဝယ်ယူသုံးစွဲမယ့်အစား ဘူးကြီးဝယ်ယူပြီး ဘူးအသေးထဲ လှယ်ထည့်သုံးစွဲမယ်ဆိုရင် ပလတ်စတစ်ဘူးခွံတွေ များများစားစား အထွက်နိုင်တော့ဘူးပေါ့။
ခက်ခဲပေမယ့်လည်း အားလုံးအတူတကွ ဆက်လက်ကျင့်သုံးကြမယ်ဆိုရင် ဒီကိစ္စတွေကို ကျွန်တော်တို့ ဖြေရှင်းလို့ရပါတယ်။
ကျန်းမာစွာနေထိုင်ပါ၊ သင်၏လက်ကိုဆေးကြောပါ။အဟာရပြည့်ဝသော အစားအစာများကိုစားသုံးပါ။ နောက်ဆုံးအနေဖြင့် “ Refuse, Reduce, Reuse နှင့် Recycle” လမ်းစဉ်ကိုကျင့်သုံးဖို့ မမေ့ပါနှင့်။
Commentaires