------ Burmese Version Below ------
We hope you enjoy reading about the PPE Boots we talked about last week. his week, we will talk about types of PPE shoes.
Masks have different protective properties depending on the type, and PPE shoes vary in their usefulness and protection depending on the type. There are eight types of PPE shoes used in the industrial workplace. They are –
1. Metatarsal guards: Metatarsal guards can be strapped to the outside of your shoes, and they protect your instep area from getting crushed by heavy objects.
2. Toe guards: Toe guards fit over the ends of regular shoes to help prevent foot injuries.
3. Electrically conductive boots: Electrically conductive boots protect against the buildup of static electricity. Employees working in hazardous locations such as explosives manufacturing facilities or grain elevators must wear conductive shoes to reduce the risk of static electricity buildup on the body that could produce a spark and cause an explosion or fire.
4. Electrical hazard, safety-toe boots: Electric hazard, safety-toe boots are nonconductive and will prevent the wearers’ feet from completing an electrical circuit to the ground. These shoes can protect against open circuits of up to 600 volts in dry conditions and help reduce the risk of a worker becoming a path for hazardous electrical energy.
5. Foundry boots: Foundry boots insulate the feet from the extreme heat of molten metal, and keep the hot metal from lodging in shoe eyelets, tongues, or other shoe parts.
6. Waterproof or water-resistant boots: Waterproof and water-resistant boots help keep the wearers’ feet dry when working in wet conditions.
7. Slip-resistant boots: Slip-resistant boots have special soles that provide traction on wet or oily floors.
8. Insulated boots: Insulated boots keep the wearer’s feet warm in cold weather.
Now that you know about PPE shoes, we will be sharing more PPE tips in the coming weeks, so be sure to check out RecyGlo Myanmar's Official Facebook Page or visit the website directly.
For more info: RecyGlo Co., Ltd. Waste Management & Recycling Technologies 09-404245800 contact@recyglo.com www.recyglo.com
Burmese Version:
PPE shoes တွေဘယ်နှစ်မျိုးရှိလဲသိကြလား?
အရင်ပတ်ကပြောသွားတဲ့ PPE Boots တွေကဘယ်နေရာတွေမှာ အသုံးဝင်လဲဆိုတာကိုသတိထားပြီး ဖတ်မိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကယ် ဒီတစ်ပါတ်မှာကော PPE Shoes တွေဘယ်နှစ်မျိုးရှိလဲဆိုတာ ပြောပြမယ်နော်။
အမျိုးအစားပေါ်မူတည်ပြီး Masks တွေရဲ့ ရောဂါကာကွယ်နိုင်စွမ်းတွေမတူညီကြသလို PPE ဖိနပ် တွေမှာလည်း အမျိူးအစားပေါ်မူတည်ပြီး တစ်ခုနှင့်တစ်ခုအသုံးဝင်ပုံနှင့် ကာကွယ်ပေးနိုင်စွမ်းတွေကလည်း ကွဲပြားသွားကြပါတယ်။ လုပ်ငန်းခွင်တွေမှာသုံးတဲ့ PPE shoes အမျိုးအစားတွေကတော့ ၈ မျိုးရှိပါတယ်။
၁။ ခြေဖမိုးကာများ (Metatarsal guards) : ခြေဖမိုးကာတွေကိုတော့ ဖိနပ်ပေါ်မှာဝတ်ဆင်ရပြီး သူတို့တွေက ခြေထောက်ပေါ်ကို လေးလံတဲ့ပစ္စည်းတွေပြုတ်ကျတဲ့အခါမျိုးတွေမှာခြေထောက်ကို မထိခိုက်အောင် ကာကွယ်ပေးပါတယ်။
၂။ ခြေချောင်းကာများ(Toe guards) : ခြေချောင်းကာတွေကိုတော့ သာမန်ဖိနပ်တွေနဲ့ ဝတ်ဆင်လို့ရပြီး သာမန်ခြေထောက်ထိခိုက်မှုတွေကို ကာကွယ်နိုင်ရန် အသုံးပြုကြပါတယ်။
၃။ လျှပ်စစ်ကာဘွတ်ဖိနပ်များ(Electrically conductive boots): လျှပ်စစ်ကာဘွတ်ဖိနပ်တွေကိုတော့ ပေါက်ကွဲစေနိုင်သောထုတ်လုပ်မှုစက်ရုံများ(သို့မဟုတ်) အန္တရာယ်ရှိသောနေရာများတွင် အလုပ်လုပ်သောဝန်ထမ်းများအနေနှင့် တွင်တည်ငြိမ်လျှပ်စစ်ကူးစက်မှုနှင့် လျှပ်စစ်ကူး၍ မီးလောင်ပေါက်ကွဲခြင်းများကို ကာကွယ်ရန်ဝတ်ဆင်ရပါတယ်။
၄။ လျှပ်စစ်နှင့်ခြေချောင်းကာဖိနပ်များ(Electrical hazard, safety-toe boots): လျှပ်စစ်နှင့်ခြေချောင်းကာဖိနပ်တွေကတော့ မြေပြင်မှတစ်ဆင့် ခန္ဓာကိုယ်ကို လျှပ်စစ်လမ်းကြောင်းတစ်ပါတ်စီးဆင်းပြီး ဓါတ်လိုက်ခြင်းများကို ကာကွယ်ပေးပါတယ်။ ဒီဖိနပ်တွေကတော့ ခြောက်သွေ့တဲ့အခြေအနေတွေမှာဆိုရင် လျှပ်စစ်ဗို့အား ၆၀၀ အထိ ကာကွယ်ပေးနိုင်ပြီး အလုပ်လုပ်နေတဲ့ဝန်ထမ်းကို လျှပ်စစ်စီးကူးမှုအတွက် ကြားခံနယ်ဖြစ်စေခြင်းကို လျှော့ချပေးပါတယ်။
၅။ ရဒဏ်ကာဖိနပ်များ(Waterproof or water-resistant boots): ရေဒဏ်ကာဖိနပ်တွေကတော့ စိုစွတ်သောအခြေအနေတွေနှင့် ရေထဲတွင်အလုပ်လုပ်ရတဲ့ဝန်ထမ်းတွေအတွက် ခြေထောက်တွေကိုခြောက်သွေ့ပြီး နွေးထွေးစေပါတယ်။
၆။ စက်ရုံသုံးသံဘောင်ဘွတ်ဖိနပ်များ(Foundry boots): ဒီဖိနပ်အမျိုးအစားတွေကတော့ ခြေထောက်များကိုအရည်ပျော်ကျလာသောသတ္တုတွေရဲ့အပူမှ ကာကွယ်ပေးပြီး သတ္တုရည်များကိုဖိနပ်မျက်ခုံးများ၊ လျှာများ သို့မဟုတ် အခြားဖိနပ်အစိတ်အပိုင်းများတွင် တင်ကျန်မနေစေရန်ကာကွယ်ပေးပါတယ်။
၇။ ချော်လဲမှုမဖြစ်စေရန်ထိန်းပေးသောဘွတ်ဖိနပ်များ(Slip-resistant boots): ဒီဖိနပ်အမျိူးအစားတွေကတော့ ရေစိုနေသော သို့မဟုတ် ဆီပြန်သောကြမ်းပြင်များတွင် အလုပ်လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေအတွက် ချော်လဲခြင်းများမဖြစ်စေအောင် ကာကွယ်ပေးပါတယ်။
၈။ အနွေးဓာတ်ပေးဘွတ်ဖိနပ်များ(Insulated boots): ဒီဖိနပ်အမျိုးအစားတွေကတော့ ရာသီဥတုအေးသောဒေသများတွင် အလုပ်လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေအတွက် ခြေထောက်တွေကို အေးခဲထုံကျင်ခြင်းများမှကာကွယ်ပေးပြီး နွေးထွေးစေပါတယ်။
အခုဆိုရင်တော့ PPE shoes တွေဘယ်နှစ်မျိုးရှိလဲဆိုတာတွေ သိပြီးသွားပြီဖြစ်တဲ့အတွက် နောက်တစ်ပါတ်တွေမှာလည်း PPE တွေနဲ့ပတ်သက်ပြီး သိကောင်းစရာအကြောင်းအရာတွေကို ထပ်မံပြောပြပေးသွားမှာဖြစ်တဲ့အတွက် RecyGlo Myanmar ရဲ့ Official Facebook Page ကို See First လုပ် (သို့) Website တွေမှာ တိုက်ရိုက်ဝင်ရောက် ဖတ်ရှုလေ့လာဖို့မမေ့နဲ့နော်။
For more info: RecyGlo Co., Ltd. Waste Management & Recycling Technologies 09-404245800 contact@recyglo.com www.recyglo.com
Comentarios