------Burmese Version Below------
Often when we think about climate pollution, we conclude to direct the opposition to industries, power plants, and transportation. However, we are less aware of one of the most notable contributors to climate pollution: food waste in the food chain. They are the third-biggest emitter of greenhouse gas, followed by industry and transport. To put it into perspective, it releases 13.7 billion metric tons of carbon dioxide annually behind China and the United States. As the issue is usually under-discussed, we will be addressing it in detail in a series of three articles on the topic of the food chain and food waste. This short article intends to cover the food chain, its process, where and how waste is produced, some reasons why perfectly editable food gets wasted, and some metrics to put the problem of food waste into perspective.
Globally, half of the waste in the food chain is created before consumption and half after consumption. In developed countries, more waste is created at retail and after consumption, whereas in developing countries, more waste is produced the other way around. Roughly, the food chain consists of five steps. First producers gather raw materials (money, water, land, and labor) and energy to produce food. Then he/she will store food in a temperature-controlled environment, and package the food to contain, protect, facilitate handling, and communicate product information before sending it out for distribution. During this process, if producers have not thought about product packaging carefully with Extended Producer Responsibility (EPR) in mind, packaging can account for about 30% of the food chain waste.
Food waste can be produced due to the following reasons: premature harvesting makes food uneditable, poor communication, and cooperation between farmers and retailers, can cause farmers to grow surplus crops. Consumer mindsets and standards for perfectly good looking and shaped food, consumers buying more food than necessary may cause good food to go waste. Poor storage infrastructures to store post-harvest food, and finally, the attitude of thinking that disposing food is cheaper than using or reusing’ can also contribute to food waste.
Burmese Version:
ရာသီဥတုဖောက်ပြန်မှု၊ ညစ်ညမ်းမှုတွေနှင့်ပတ်သက်ပြီး ကျွန်တော်တို့ရံဖန်ရံခါစဉ်းစားကြတိုင်းမှာ ကျွန်တော်တို့အနေနှင့် စက်ရုံတွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အတိုက်အခံပြုလုပ်ခြင်းများကိုသာ ဦးတည်ပြီး နိဂုံးချုပ်လေ့ရှိပါတယ်။ သို့ပေမယ့် ရာသီဥတု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို သိသိသာသာဖြစ်စေသည့်အကြောင်းရင်းတစ်ခုဖြစ်တဲ့ အစားအစာကွင်းဆက်ရှိ အစားအစာစွန့်ပစ်ပစ္စည်းများကို ကျွန်တော်တို့တွေသတိသိပ်မပြုမိကြပါဘူး။ သူတို့တွေညစ်ညမ်းခြင်းဖြစ်စေမှုနှုန်းက စက်မှုနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများပြီးလျှင် ဖန်လုံအိမ်ဓာတ်ငွေ့က တတိယအကြီးဆုံးထုတ်လွှတ်သူများဖြစ်တာကိုလေ့လာတွေ့ရှိရပါတယ်။
ကာဗွန်ရှုထောင့်တစ်ခုကနေကြည့်မယ်ဆိုရင် အစားအစာစွန့်ပစ်ညစ်ညမ်းမှုကနေထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်မှုက အမေရိကားနှင့် တရုတ်ပြီးရင် နှစ်စဉ်တန်ချိန် ၃ ဒဿမ ၃ ဘီလီယံအထိ ထုတ်လွှတ်တာကိုတွေ့ရပါတယ်။ ဒီအကြောင်းကို ဆွေးနွေးလက်စနှင့် ကျွန်တော်တို့အနေနှင့် အစားအစာကွင်းဆက်နှင့်စွန့်ပစ်အစားအစာများနှင့်ပတ်သက်ပြီး ဆောင်းပါးသုံးခုကို အသေးစိတ်ဆွေးနွေးဖြေရှင်းသွားပါ့မယ်။ အခုဒီဆောင်းပါးထဲမှာဆိုရင်တော့ အစားအစာကွင်းဆက်အကြောင်းနှင့် ဖြစ်စဉ်များ၊ စွန့်ပစ်ပစ္စည်းများ ဘယ်နေရာကနေ ဘယ်ကိုရောက်သွားပုံတွေနှင့် စွန့်ပစ်အစားအစာတွေရဲ့ပြဿနာတွေကို ရှုထောင့်တစ်ခုကနေ မြင်နိုင်ရန်ဖို့ တချို့သောနည်းလမ်းတေါကို ဆွေးနွေးပေးဖို့ရည်ရွယ်ပါတယ်။
တစ်ကမ္ဘာလုံးအနေဖြင့်တိုင်းတာမှုတွေအရ အစားအစာကွင်းဆက်အတွင်းရှိစွန့်ပစ်အစားအစာတွေရဲ့ထက်ဝက်ခန့်က စားသုံးမှုမတိုင်မီ ဖြစ်ပေါ်လေ့ရှိပြီး ကျန်တဲ့ထက်ဝက်ခန့်က စားသုံးမှုပြီးတဲ့အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လက်လီရောင်းချမှုနှင့် စားသုံးမှုပြီးနောက် စွန့်ပစ်ပစ္စည်းများပိုမိုထွက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင်တော့ တခြားနည်းလမ်းများဖြင့်လည်း ထွက်ရှိတတ်ပါတယ်။
အစားအစာကွင်းဆက်မှာ ယေဘုယျအားဖြင့် အဆင့်ငါးဆင့်ပါဝင်ပါတယ်။ ပထမဦး ဆုံးအနေနှင့် ထုတ်လုပ်သူတွေက အစားအစာတွေထုတ်လုပ်ဖို့ ကုန်ကြမ်းများ (ငွေ၊ ရေ၊ မြေနှင့် အလုပ်သမား) နှင့် စွမ်းအင် တွေကိုစုဆောင်းပါတယ်။ ပြီးနောက်သူ / သူမသည် ထုတ်ကုန်ကို ဈေးကွက်ထဲ ဖြန့်ဖြူးဖို့အတွက်မပို့မီမှာ အပူချိန်ကို ထိန်းညှိထားတဲ့ နေရာ၊ အစားအစာသိုလှောင်ရုံတွေမှာ သိုလှောင်ထားပြီး ထုပ်ပိုးခြင်း၊ ကာကွယ်ခြင်းနှင့် ကိုင်တွယ်သယ်ယူရလွယ်ကူစေရန်ပြုလုပ်ခြင်း၊ ထုတ်ကုန်ရဲ့ အချက်အလက်တွေကို ဖော်ပြခြင်းများကို ပြုလုပ်ရပါတယ်။ ဤလုပ်ငန်းစဉ်ကာလအတွင်းမှာ ထုတ်လုပ်သူများအနေနှင့် ထုတ်ကုန်၏ထုပ်ပိုးမှုနှင့် ပတ်သက်ပြီး တိုးချဲ့ထုတ်လုပ်သူတွေရဲ့တာဝန်ယူမှု (EPR) ကိုသေချာစွာ ထည့်သွင်း မစဉ်းစားပါက ထုပ်ပိုးမှူကြောင့် ၃၀ ရာခိုင်နှုန်းခန့်သော အစားအစာကွင်းဆက်စွန့်ပစ်ပစ္စည်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အောက်ပါအကြောင်းပြချက်များကြောင့်လည်း အစားအစာစွန့်ပစ်ပစ္စည်းများကို ဖြစ်ပေါ်စေခြင်းဖြစ်ပါတယ်။ အချိန်မတန်မီရိတ်သိမ်းခြင်းကြောင့် သီးနှံများကိုမအောင်မြင်စေနိုင်ခြင်း၊ တောင်သူများနှင့်ကုန်သည်များအကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် တောင်သူများအနေနှင့် သီးနှံများကိုပိုလျှံစိုက်ပျိုးမိခြင်းများဖြစ်စေနိုင်ပါတယ်။ ဝယ်ယူစားသုံးသူများမှာတော့ ပရောင်အသွေးလှသော၊ အကောင်းဆုံးပုံစံရှိတဲ့ စားသောက်ကုန်များကိုသာ ဝယ်ယူစားသုံးချင်တဲ့ သတ်မှတ်ချက်တွေရဲ့ စိတ်နေသဘောထားများကြောင့်သော်လည်းကောင်း၊ လိုအပ်သည်ထက်ပို၍ ဝယ်ယူခြင်းများကြောင့်သော်လည်းကောင်း ကောင်းမွန်နေတဲ့ အစားအသောက်မှ စွန့်ပစ်ပစ္စည်းအဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပါတယ်။
ရိတ်သိမ်းပြီး သီးနှံများကို သေချာမသိုလှောင်ခြင်းများနှင့် အစားအသောက်များကို ပြန်လည်အသုံးပြုမည့်အစား စွန့်ပစ်လိုက်ခြင်းက ပိုပြီးအကုန်အကျသက်သာသည်ဟူသော အတွေးအမြင်များကြောင့်လည်း စွန့်ပစ်အစားအသောက်များကို ပို၍များပြားလာစေခြင်းဖြစ်ပါတယ်။ တကယ်လို့ သင်က သင့်အိမ်မှထွက်တဲ့ စွန့်ပစ်အစားအသောက်တွေကို ပြန်လည် recycle/ compost ပြုလုပ်ချင်တယ်ဆိုရင်တော့ RecyGlo နှင့်အတူ ပူးပေါင်းပြီး ပြုလုပ်နိုင်ပါတယ်။
Recycling Services တွေအကြောင်းကို အသေးစိတ်လေ့လာချင်ရင်တော့ RecyGlo ရဲ့ Official Website ဖြစ်တဲ့ www.recyglo.com မှာလည်း ဝင်ရောက်ကြည့်ရှုလို့ရသလို Battery နဲ့ပတ်သက်တဲ့ Recycling ဝန်တောင်မှုတွေကို ကိုယ် ကိုယ်တိုင် တိုက်ရိုက် အော်ဒါတင်ပြီး စတင်သုံးစွဲလို့ရနေပါပြီ။ ဒီ့အပြင် RecyGlo Myanmar ရဲ့ Facebook page မှာလည်း လေ့လာလို့ရပြီး တခြားဗဟုသုတရစရာ အကြောင်းအရာတွေကိုလည်း အပတ်စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက် စောင့်မျှော်လေ့လာဖို့အမေ့နဲ့နော်။
For more info:
contact@recyglo.com, communication@recyglo.com
+95 9 404 245 800
Comments